စီးပွားရေးဆိုင်ရာအကြောင်းအရာများ

အကောက်ခွန်၊အလုပ်သမားရေးရာနှင့်စာရင်းအင်းဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးတိုင်ပင်ရန်အတွက်JapanOutsourcingService ကိုဆက်သွယ်လိုက်ပါခင်ဗျာ

ဖွံ့ဖြိုးဆဲနိုင်ငံများသို့တိုးချဲ့၀င်ရောက်လာသောကုမ္ပဏီများအတွက်အခွင့်အလမ်းများစွာကစီးကြိုလျှက်ရှိပါတယ်။Japan Outsourcing Serviceသည်မြန်မာနိုင်ငံသို့ချဲ့ထွင်လာသောအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက်ဂျပန်ပုံစံစာရင်းကိုင်၀န်ဆောင်မှုများပေးနေသောကုမ္ပဏီတစ်ခုဖြစ်ပါသည်။ကျွန်တော်တို့ကုမ္ပဏီတွင်ဂျပန်အခွန်စာရင်းကိုင်အရည်အချင်းပြည့်မှီသောလက်မှတ်ရထားသူသည်မြန်မာနိုင်ငံတွင်အခြေချပြီးဒေသဆိုင်ရာကုမ္ပဏီများနှင့်ဘဏ်ခွဲများရှိစာရင်းကိုင်၊ အလုပ်သမားနှင့်အခွန်ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးပေးနေပါသည်။ထို့အပြင်ကျွန်ုပ်တို့သည် “ စာရင်းကိုင်ဆော့ဖ်ဝဲထည့်သွင်းမှုအပါအ၀င်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်ခြင်း” ၊ “ လစာတွက်ချက်ခြင်း” ၊အထူးစာရင်းကိုင်နှင့်လုပ်ခလစာအခွန်ဆောင်ခြင်းနှင့်လူမှုဖူလုံရေးအာမခံ၀န်ဆောင်မှုများကိုပါလုပ်ကိုင်ဆောင်ရွက်ပေးနေပါသည်။တစ်ချိန်တည်းမှာပင်ကျွန်ုပ်တို့သည်နှစ်နိုင်ငံအခွန်ဆိုင်ရာစာချုပ်များနှင့်အပြည်ပြည်ဆိုင်ရာအခွန်ကောက်ခံမှုဆိုင်ရာညှိနှိုင်းတိုင်ပင်မှုများအတွက်တစ်နေရာတည်းတွင်အထောက်အပံ့၀န်ဆောင်မှုများပေးနေပါသည်။

Japan Outsourcing Service ရဲ့အရည်အချင်းများ

မြန်မာ့အခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ရင်းနီးကျွမ်း၀င်မှုရှိခြင်း!

မြန်မာအခွန်နှင့်ပတ်သက်သောနယ်ပယ်များတွင် ၅ နှစ်ကျော်အတွေ့အကြုံရှိသည့်ဂျပန်စာရင်းကိုင်၀ါကာမတ်ဆုကသင်၏အခွန်ပြဿနာများကိုဖြေရှင်းပေးမှာဖြစ်ပါတယ်။
ထို့အပြင်အခွန်ရုံးနှင့်ကောင်းမွန်သောညှိနှိုင်းဆောင်ရွက်နိုင်စွမ်းရှိသောအတွေ့အကြုံရှိမြန်မာအသိအမှတ်ပြုပြည်သူ့စာရင်းကိုင်အဖွဲ့သည်အခွန်ရှင်းလင်းခြင်းအထောက်အပံ့ပေးကာကူညီရှင်းလင်းပေးမှာဖြစ်ပါတယ်။

အသေးစားနှင့်အလတ်စားကုမ္ပဏီများသာမကအကြီးစားကုမ္ပဏီများအထိပါကူညီထောက်ပံ့ပေးနေပါသည်!

စုချိရာ သည်ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်သူများ၊ နိုင်ငံခြားသားနှင့်ဂျပန်စက်ရုံများတွင်ဆယ်စုနှစ်များစွာအတွေ့အကြုံရှိသောစာရင်းကိုင်ပညာရှင်တစ််ဦးဖြစ်ပြီးသင်၏ကော်ပိုရေးရှင်းနှင့်စက်ရုံဆိုင်ရာစာရင်းကိုင်ပြဿနာများကိုကူညီဖြေရှင်းပေးမှာဖြစ်ပါတယ်။
ကျေးဇူးပြု၍ စက်ရုံစာရင်းကိုင်စနစ်စတင်ရန်တိုင်ပင်ဆွေးနွေးခြင်းကိုစတင်ရန်ဆက်သွယ်လိုက်ပါ။

ဆုံးခန်းတိုင်သည်အထိပံပိုးကူညီပေးခြင်း!

စီမံခန့်ခွဲမှုဆိုင်ရာပြဿနာအားလုံးကိုဖြေရှင်းပေးနိုင်သော၀န်ဆောင်မှုများကိုတစ်နေရာထဲတွင်ရရှိနိုင်သော one stop service ကုမ္ပဏီပဲဖြစ်ပါတယ်။

ထို့အပြင်, ကျွန်ုပ်တို့သည်ဂျပန်ရုံးနှင့်ပူးပေါင်းနိုင်သည့်အတွက်ဂျပန်နိုင်ငံရှိပြည်တွင်းအခွန်အကောက်ဆိုင်ရာနှင့်နိုင်ငံတကာအခွန်ကောက်ခံမှုများနှင့် ပတ်သက်၍ အကြံဥာဏ်ပေးခြင်းများကိုလည်းပြုလုပ်ပေးနိုင်ပါသည်။

တာ၀န်ခံအရာရှိများ

ယုကို၀ါကမတ်စု – ရန်ကုန် ဒါရိုက်တာ/ အခွန်စာရင်းကိုင်

ဂျပန်နိုင်ငံ Ehime စီရင်စုတွင်မွေးဖွားသည်။ ရန်ကုန်တွင်၂၀၁၄ခုနှစ်ကတည်းကစတင်နေထိုက်လျှက်ရှိပြီး၊အပြည်ပြည်ဆိုင်ရာအခွန်ကောက်ခံခြင်း၊.အများပြည်သူအကျိုးပြုစီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးပြန်လည်ရှင်သန်လာရေးလုပ်ငန်းများတို့တွင်ရင်းနီးကျွမ်းကျင်သူတစ်ဦးလဲဖြစ်ပါတယ်။. သူမဟာ zazen ပြုလုပ်ခြင်းကိုနှစ်သက်သူတစ်ဦးလဲဖြစ်ပါတယ်။


တကရှီစုချီရာ – ရန်ကုန် လက်ထောက်ဒါရိုက်တာ

ဂျပန်နိုင်ငံ Shizuoka တွင်မွေးဖွားပြီး USA, Hungary, Germany, Hong Kong, China အစရှိသည့်နိုင်ငံများတွင် စက်ရုံဆိုင်ရာ စာရင်းကိုင်လုပ်ငန်းများနှင့် ဘဏ္ဏာရေးဆိုင်ရာလုပ်ငန်းများကို ၁၀နှစ်ကျော်လုပ်ကိုင်လာသည့် ၀ါရင့်စာရင်းကိုင် တစ်ဦးလည်းဖြစ်ပါတယ်။


နာရိုမီဟာရာ – အခွန်စာရင်းကိုင် ကိုယ်စားလှယ်

ဂျပန်နိုင်ငံ Yamaguchi တွင်မွေးဖွားခဲ့ပြီး Hara & Accounting Partners ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပါသည်။ သူမသည် Tax နှင့် Acccounting ဆိုင်ရာ စာအုပ်များကိုရေးသားဖြန့်ချီထားသူတစ်ဦးလည်းဖြစ်ပါတယ်

タイトルとURLをコピーしました